လောကမှာ အရှက်လွဲနေတဲ့သူတွေ တော်တော်များပါတယ်။
ရှက်စရာ မဟုတ်တဲ့အရာတွေမှာ ရှက်နေပြီး
ရှက်ရမယ့်အရာတွေကျတော့
မရှက်ဘဲ ဖြစ်နေတတ်တာတွေ အများကြီး ရှိပါတယ်။
လောကီနယ်ပယ်မှာ ရှိနေကြတဲ့
ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ မပြည့်စုံမှု၊
ပညာတတ်မှု၊ မတတ်မှု၊ ဂုဏ်ရှိမှု မရှိမှုတွေဟာ
တကယ်တော့ ရှက်စရာတွေ မဟုတ်ဘဲ
ကိုယ်ကျင့်တရားတွေ ပျက်စီးတာ၊
လောက၀တ်တွေ ဖောက်ပျက်တာ၊
ဓမ္မ၀တ်တွေ ချွတ်ယွင်းတာ စတာတွေကသာ
တကယ့်ရှက်စရာတွေပဲ ဖြစ်ပါတယ်။
ပိုပြီး ရှက်စရာကောင်းတာက
ကိုယ်အမှားလုပ်မိတာကို မသိဘဲ
အမှားကို အမှန်လို့ ထင်ပြီး ဘယ်သူဘာပြောပြော
ကိုယ်ကအမှန်ဆိုတဲ့ တစ်ယူသန် အစွဲနဲ့
ဇွတ်အတင်း မဟုတ်တာကို ကိုင်စွဲထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ရှက်တတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှက်သင့်ပါတယ်။
ကိုယ်လုပ်တာ ကိုယ်အသိဆုံး ဖြစ်တဲ့အတွက်
ကိုယ်မကောင်းတာ လုပ်တဲ့အခါလည်း ဘယ်သူမှ
မသိဘူးဆိုပေမယ့် သေချာတွေးကြည့်ရင် ကိုယ်ကိုယ်တိုင်က သိနေတာဖြစ်လို့ ကိုယ့်ကိုယ်ကို ပြန်ရှက်နေရမယ့် အဖြစ်ပါ။
- [မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]
No comments:
Post a Comment